Coenzyme Q10ဆိုတာဘာလဲ?
Coenzyme Q10 ဆိုသည်မှာ လူတစ်ဦး၏ နေ့စဉ်ဘ၀တွင် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများပြုလုပ်ရန်နှင့် ခန္ဓာကိုယ်ကိုကောင်းစွာလည်ပတ်စေရန် မရှိမဖြစ်လိုအပ်သော ဇီ၀စွမ်းအင် (Bioenergy) တစ်ခုဖြစ်ပါသည်။
ကျွန်ုပ်တို့၏ကိုယ်ခန္ဓာရှိ ဆဲလ်(Cell) တစ်ခုချင်းစီတိုင်းသည် အဆိုပါဇီ၀စွမ်းအင်ပေါ်တွင်မူတည်ပါသည်။
အဆိုပါ ဇီ၀စွမ်းအင်(Bioenergy) ကိုကျွန်ုပ်တို့၏ကိုယ်ခန္ဓာအတွင်း၌သာထုတ်လုပ်သည်။ လူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တစ်ခုစီ၏အတွင်းပိုင်းတွင် mitochondria ဟုခေါ်သော ဇီ၀စွမ်းအင်ထုတ်လုပ်ပေးသော ဆဲလ် များရှိပါသည်။
Mitochondriaတို့သည်ကျွန်ုပ်တို့ စားသုံးလိုက်သော အစားအစာများမှ ရရှိသော အဆီ(Fat)၊ ကစီဓါတ်(Carbohydrate) နှင့် အသားဓါတ်(Protein) စသည့် အာဟာရဓါတ်များအား ဇီ၀စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးနိုင်သော ခန္ဓာကိုယ်အတွင်းရှိ ဓာတ်အားပေးစက်ရုံများဖြစ်ကြသည်။
အဆိုပါ အာဟာရဓါတ်များသည် mitochondria ထဲသို့ ၀င်ရောက်ပြီး အောက်စီဂျင်(Oxygen) နှင့် ဓါတ်ပြုကာ ATP (Adenosine Tri-Phosphate) ဟုခေါ်သည့် စွမ်းအင် သိုလှောင်ပေးနိုင်သောမော်လီကျူး(molecule) တစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။
အကယ်၍ ဆဲလ်တစ်ခုသည်စွမ်းအင်လိုအပ်ပါကအဆိုပါ ATPမော်လီကျူး အတွင်း၌သိုလှောင်ထားသော စွမ်းအင်ကိုပြိုကွဲစေခြင်းဖြင့်ထုတ်လွှတ်ပေးပါသည်။
စွမ်းအင် (သို့) Coenzyme Q10 သည်အဘယ်ကြောင့် အသက်အရွယ်အလိုက်ကျဆင်းလာရသနည်း?
Coenzyme Q10 သည်ကျွန်ုပ်တို့၏ကိုယ်ခန္ဓာအတွင်းတွင် အသက်၁၉နှစ် မှ ၂၁ နှစ်အတွင်း သဘာဝအလျှောက်ထုတ်လုပ်ပေးနေပါသည်။ ၂၁နှစ် နောက်ပိုင်းတွင် Coenzyme Q10 ထုတ်လုပ်မှုရပ်ဆိုင်းသွားပြီးနောက် Coenzyme Q10 သည် တဖြည်းဖြည်းချင်းလျှော့နည်းလာသည်။
Coenzyme Q10 စားသုံးမှုနည်းပါးခြင်း
အနည်းငယ်မျှသော Q10 ပမာဏကို ဆာဒင်းငါး(Sardine)၊ငါးသလောက်တစ်မျိုး(Mackerel)၊ပဲပိစပ်(soya bean)၊ နှမ်းစေ့(Sesame seeds)၊သစ်ကြားသီး (walnuts)စသည်တို့မှရရှိနိုင်သည်။ ၎င်းတို့ကို အပူပေးချက်ပြုတ်သည့်အခါ Q10 ပမာဏအများစုမှာ အပူဒဏ်ကြောင့်ပျက်စီးသွားကြသည်။ ထို့ကြောင့် လူတစ်ဦး၏ Coenzyme Q10တစ်နေ့တာလိုအပ်မှုသည် 30 mg ဖြစ်သော်လည်း အစားအစာမှ 5 mg ခန့်သာရရှိနိုင်ပါသည်။
ခန္ဓာကိုယ်အတွင်းရှိ ဘီလီယံနှင့်ချီသောဆဲလ်သန်းပေါင်းများစွာသည် Coenzyme Q10 ကိုစွမ်းအင်ထုတ်လုပ်နိုင်ရန် နေ့စဉ်လောင်စာအဖြစ် အသုံးပြုနေရခြင်းကြောင့် အသက် (၂၀) အရွယ်မှစ၍ နေ့စဉ် Q10 ပမာဏ ၂၅ မီလီဂရမ်ခန့်ကို ဆုံးရှုံးနေရခြင်းကြောင့် ကျွန်ုပ်တို့သည် အရည်အသွေးပြည့်၀သော Bio-Quinone Q10 ကဲ့သို့သော Coenzyme Q10 အာဟာရဖြည့်စွက်အစားအစာကို နေ့စဉ် စားသုံးသင့်ပါသည်။
အရည်အသွေးပြည့်၀သော Bio-Quinone Q10 ကို သောက်သုံးခြင်းဖြင့်-
၁။ Coenzyme Q10 သည်နှလုံး(Heart) ကျန်းမာရေးနှင့် နှလုံး၏လုပ်ငန်းဆောင်တာများအား ထိန်းသိမ်းပေးရာတွင် အထောက်အကူပြုပါသည်။
၂။ နှလုံးသွေးကြောများအတွင်းရှိ ကိုလက်စထရော(Cholesterol) လျှော့ချရန်အတွက် Statin ဆေးဝါးများ သောက်သုံးခြင်းသည် Q10 ထုတ်လုပ်မှုကိုပါ လျော့ကျစေခြင်းကြောင့် Bio-Quinone Q10 ကို သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်တွင် လိုအပ်သော Q10 ပမာဏကို ပြန်လည်ဖြည့်ဆည်းနိုင်ပါသည်။
၃။ Coenzyme Q10 သည် ဓါတ်တိုးဆန့်ကျင် (Antioxidant) စွမ်းရည်ရှိခြင်းကြောင့် free radical များ၏ တိုက်ခိုက်ခြင်းမှကာကွယ်ပေးနိုင်ပါသည်။
၄။ အသားအရည် ကိုနုပျိုစေပါသည်။
၅။ အမျိုးသားများ၏ သုက်ပိုးကျန်းမာသန်းစွမ်းမှုကိုမြှင့်တင်ပေးပြီး မျိုးပွားမှုဆိုင်ရာစွမ်းရည်ကိုတိုးတက်စေပါသည်။
ဂျပန်သိပ္ပံပညာရှင်များ၏ လက်တွေ့စမ်းသပ်မှုများအရ မတူညီသော Coenzyme Q10 ထုတ်ကုန်(၆)မျိုးတွင် အဆီပုံစံ ထုတ်လုပ်ထားသော Bio-Quinone Q10 ၏ အလင်း၀င်ရောက်မှုမှ ကာကွယ်ထားသော အပျော့စားဂျယ်လ်ပုံစံဆေးတောင့် (Soft gelatin Capsule) တစ်မျိုးတည်းသာ အခြားဆေးတောင့်ပုံစံများထက် အဆီတွင်အလွယ်တကူပျော်ဝင်နိုင်ပြီး ခန္ဓာကိုယ်မှ ပိုမိုစုပ်ယူနိုင်ကြောင်း တွေ့ရှိခဲ့သည်။
Q10 သည်နေရောင်ခြည်၊ အောက်စီဂျင်တို့နှင့် ထိတွေ့မိပါက အလွန်ပျက်စီးလွယ်တတ်သဖြင့် Pharma Nord ၏ အကောင်းဆုံး အာနိသင်ကို အပြည့်အ၀ရရှိစေရန် ထုတ်လုပ်ထားသော Bio-Quinone Q10 ကို အောက်စီဂျင် ကင်းစင်သော အထူးထုတ်လုပ်မှု နည်းစနစ်များဖြင့် စနစ်တကျထုတ်လုပ်ထားပါသည်။
Pharma Nord ၏ အာဟာရဖြည့်စွက်အစားအစာ ထုတ်လုပ်မှုများကို အစားအသောက်နှင့်ဆေးဝါးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင်အတင်းကြပ်ဆုံးသောစည်းမျဉ်းများကိုပြဌာန်းထားသော ဒိန်းမတ်(Denmark) အစိုးရ၏ စောင့်ကြည့်မှုအောက်တွင် Good Manufacturing Practice(GMP) နှင့် Hazard Analysis and Critical Control Points (HACCP) ၏စံချိန်စံညွှန်းများနှင့်အညီထုတ်လုပ်ထားသော အရည်အသွေးပြည့်၀သော အာဟာရဖြည့်စွက်အစားအစာများဖြစ်ပါသည်။
No comments yet. Login to start a new discussion Start a new discussion